Wednesday, June 26, 2013

Washington D.C. သို့ အလည်တစ်ခေါက်

          အခုတလော ကျောင်းပိတ်ရက် ဖြစ်တာကြောင့် အိမ်မှာ အားနေမယ့် အစား အလုပ်ကလေးများ ရမလားလို့ လျှောက်ရှာရင်း ကျွန်မ D.C.ထဲကို ခဏခဏရောက် ဖြစ်ပါတယ်။ ဒီနေ့ရောက်ခဲ့တဲ့ အကြောင်းကို မျှဝေရင်း Blogကို လာလည်တဲ့ သူများကို D.C.ကို အလည်ခေါ်သွားမလို့ပါ :D

အရင်ဦးဆုံး သွားမှာကတော့................



အကျီ င်္ဆိုင်ပါ ! ဆယ်ကျော်သက် မိန်းကလေးတွေ အကြိုက်ပေါ့! အထပ်သုံးထပ်ရှိတဲ့ ဒီဆိုင်ကို ရောက်ရင် ကျွန်မ wonderlandထဲကို ရောက်သွားသလိုပါပဲ တော်တော်နဲ့ကို ပြန်မထွက်မိတာ  (အကျီ င်္တွေ ငမ်းနေလို့)
မြို့ထဲက Obamaပုံ!

Chinatown! မြန်မာလို တရုတ်တန်းပေါ့


ဒါကတော့ မြို့ထဲတစ်နေရာက.....

ဒါကတော့ KUSHI ဂျပန်စားသောက်ဆိုင်လေး



Obamaရဲ့ အိမ်တော် !

ဒီလောက်ပဲ ခေါ်နိုင်တယ် ဟီးးး ခြေထောက်ညောင်းသွားလို့ ! 


Tuesday, June 25, 2013

ဒုက္ခပေးတဲ့ iPhone 5

                                     
                      တကယ်တော့ ဖုန်းက လူကို ဒုက္ခပေးတာ မဟုတ်ပါဘူး၊ ဦးနှောက်ရှိတဲ့ လူက ကိုယ့်ကိုယ်ကို ဒုက္ခပေးမိတာပါ။
                             ************************************************************



         ကျွန်မနိုင်ငံခြား ရောက်ကတည်းက smart phone မသုံးဖူးပါဘူး။ အင်တာနက်တွေ သွားပြီး
ကျွန်မကလိချင်တိုင်း ကလိလို့မရတဲ့ ရိုးရိုးဖုန်းလေးကိုပဲ စွဲစွဲမြဲမြဲ သုံးခဲ့ပါတယ်။ တစ်နေ့တော့ အမေက ကျွန်မမွေးနေ့ လက်ဆောင်အတွက် ဖုန်းအသစ်လဲပေးမယ်ဆိုပြီး သားအမိနှစ်ယောက် ဖုန်းဆိုင်ကို ရောက်ခဲ့ပါတယ်။ smartဖုန်းတွေ အကုန်လုံး ဈေးတွေက လန်ပျံထွက်နေတဲ့ အခါကျတော့၊ နောက်ဆုံးပေါ် iPhone5လေး ဆိုင်ထဲမှာ အခန့်သား လှလှလေး ရှိနေပေမယ့် ကျွန်မဝယ်ပေးမယ့် မိဘကိုအားနာလို့ ယောင်လို့တောင် မကြည့်မိပါဘူး။ တော်ရုံတန်ရုံ ဈေးနဲ့ဝယ်လို့ ရတဲ့ smart phoneလေး လက်ညိုးထိုးပြီး “အဲဒါလေး ယူမယ်နော်” လို့ပြောတော့ အမေကလည်း အိုကေပေါ့။
       
       
            ဒါနဲ့ဖုန်းဝယ်ပြီး သားအမိနှစ်ယောက် ဆိုင်ထဲကအထွက် အမေ့ကို အဖေကဖုန်းဆက်ပါလေရော ဖုန်းဝယ်တာ အဆင်ပြေလား ဘာလားပေါ့နော်။ ကျွန်မဝယ်တဲ့ ဖုန်းအမျိုးအစားကို ပြောတော့ အဖေက iPhoneဝယ်လိုက်တာတော့ မဟုတ်ဘူးတဲ့ (အဖေက iPhone crazy ပါ) အဖေကဝယ်ဖို့ခွင့်ပြုတယ်ဆိုတော့ ကျွန်မလည်း ဝမ်းသာသွားတာပေါ့နော်။ ဒါပေမယ့် ခက်တာက ဖုန်းကဝယ်ပြီးနေပြီ :( (ဖုန်းတခါဝယ်ရင် ခေါင်းအလွန်စားပါတယ် contractနဲ့ အကြာကြီးကိုင်ရလို့ပါ) အမေက မောင်လေးအတွက် အင်္ကျီဝယ်ဖို့ ကြည့်နေတုန်း၊ ကျွန်မလည်း ဖုန်းဆိုင်ကလူကြီးက ဖုန်းကို အာမခံတဲ့အနေနဲ့ ၃ရက်အတွင်း လာလဲလို့ရတယ် လို့ပြောတာ သတိရတော့၊ အမေ့ကို ချက်ခြင်းခွင့်တောင်းပြီး ဖုန်းဆိုင်ကို ပြန်သွားလိုက်ပါတယ်။ ဟိုရောက်တော့ iPhoneကို ပြန်လဲချင်လို့ပါဆို တော့ ဖုန်းဆိုင်ကလူက iPhoneက ဘယ်လောက်များ ကောင်းလို့လဲဆိုတဲ့ အကြည့်နဲ့ကြည့်ပါတယ်။ ကျွန်မလည်း သူဘယ်လို ထင်ထင်ကိစ္စမရှိဘူး လိုချင်တာရရင်ပြီးရော ဆိုပြီး iPhone5 လေးလဲပြီးပြန်ခဲ့ပါတယ်။ အဲဒီ့ဖုန်းဝယ်တဲ့ ညကတော့ ကျွန်မဖြစ်ပုံက မျောက်ကို အုန်းသီးပေးထားသလို ဖုန်းတစ်လုံးနဲ့ အူမြူးပြီး အလုပ်ရှုပ်နေခဲ့ပါတယ်။


                       အဲဒီ့ဖုန်းလေးရမှပဲ ကျွန်မလည်း ဈေးဝယ်ရင် စိတ်နဲ့တွက်စရာ မလိုတော့ဘူး ဖုန်းက Calculatorလေး နှိပ်လိုက်ယုံပဲ၊ လမ်းသွားဖို့ မြေပုံလဲ တကူးတက laptopနဲ့ ရှာထားစရာမလိုတော့ဘူး Mapsကို နှိပ်လိုက်တာနဲ့ GPSနဲ့ ဘယ်လမ်းကိုသုံးရင် ကိုယ်သွားချင်တဲ့နေရာ ဘယ်လို မြန်မြန်သွားရလဲ ကြည့်လို့ရပြီ၊ ဖုန်းက iconတွေကို အလှဆင်၊ caseလှလှလေးတွေ ရှောက်စု၊ backgroundတွေ change၊ free ရသမျှ appတွေ လျှောက်ထည့်၊ လမ်းသွားရင်လည်း သယ်ရင်းတွေနဲ့ ဓာတ်ပုံတွေ ရိုက် facebook တွေတင်နဲ့၊ သီချင်းတွေကို စု၊ memo တွေကိုမှတ်နဲ့၊ မနက်ဆိုလည်း ဒီဖုန်း ညဆိုလည်း ဒီဖုန်းနဲ့၊ ဖုန်းသာ လူဖြစ်နိုင်ရင် ကျွန်မရဲ့ ချစ်သူသို့ အချစ်ဆုံး သူငယ်ချင်းကြီး ဖြစ်သွားမှာပါ။

                ကျောင်းသွားရင်တော့ ဘယ်သူ့ကိုမှ ထုတ်မပြရဲပါဘူး (ကျောင်းတွင် အပြောက်တတ်ဆုံး ပစ္စည်းမှာ ဖုန်းဖြစ်ပါသည်) မတတ်သာလို့ ဖုန်းဆက်ဖို့ထုတ်မှပဲ သူငယ်ချင်းတွေက တွေ့ပြီး ဖုန်းလေးက လှလိုက်တာ Awesome! You are so cool! နဲ့ဆိုတော့လည်း ဟဲဟဲ Thank You ပေါ့နော်၊ ဒါပေမယ့် ကိုင်ကြည့်မယ်ဆိုရင်တောင် ကျွန်မအားနာနာနဲ့ Sorry ဆိုပြီး ငြင်းခဲ့ရပါတယ်


   

               ကျောင်းမှာ Fashion Club ရှိပါတယ်။ Fashion Show လုပ်မယ် Modelလုပ်ဖို့ လာအရွေးပြိုင်ကြလို့ ကြားတော့ တန့်ကနဲဆို လူကလည်း နန့်နေတော့၊ သွားပြီးတော့ အရွေးခံလိုက်ပါတယ်။ နောက်နှစ်ပတ်လောက် ကြာတော့ မော်ဒယ်တွေ အယောက်၃၀ကျော်လောက် ရွေးလိုက်တဲ့အထဲမှာ ကျွန်မလည်းပါတယ် ဆိုတာသိလိုက်ရတယ်။ ဒါပေမယ့် နေ့တိုင်း after school နေပြီး high heelစီးပြီး လမ်းလျှောက်ကျင့်ရမယ် ဆိုတော့ အားလုံး ဟင်ကနဲဖြစ်သွားတယ်။ ကျွန်မလည်း မေလမှာ အရေးကြီးတဲ့ စာမေးပွဲရှိလို့ နေ့တိုင်းလာလို့ မရတဲ့ အကြောင်းကို ခွင့်တိုင်တော့ ဆရာမက နားလည်ပေးရှာပါတယ်။ ဒီလိုနဲ့ fashion clubရယ်၊ စာရယ်၊ iPhoneရယ်နဲ့ ကျွန်မဘဝ သံသရာလည် နေပါတော့ တယ်



           

                     အဲဒီ့နေ့က မှတ်မှတ်ရရ မေလ ၁၀ရက်၊ သောကြာနေ့ Fashion Show လုပ်ဖို့နီးနေပြီမို့လို့ အားလုံး ၇နာရီထိုးမှ ပြန်ရမယ်လို့ ဆရာမက အမိန့်ထုတ်ထားပါတယ်။ ရုတ်တရက် သူငယ်ချင်းနဲ့ စကားပြောရင်း သူက "Don't you feel a heart a tack when you can't find your phone?" တဲ့ သူဖုန်းလေးကို ကိုင်ပြီးတော့ "ဖုန်းသာပျောက်လို့ ကတော့ နှလုံးရောဂါ ဖြစ်မလားပဲ"လို့ စိုးရိမ်စိတ်နဲ့ ပြောရှာပါတယ် ကျွန်မလည်း ကျွန်မဖုန်းကို လက်ကမချရဲပါဘူး။ လမ်းလျှောက်ကျင့်ရင်တောင် ဖုန်းကိုကိုင်ထားလို့ ဆရာမကဆူပါတယ် (ဥစ္စာခြောက်ပုံက အဲလို) ဒီလိုနဲ့ ၇နာရီထိုးလောက်မှာ မော်ဒယ်ကောင်မလေး တစ်ယောက် cat walk လျှောက်ရင်း ဝုန်းဆို ၅ပေ ၆ပေ ကျော်လောက် ရှိတဲ့ stage ပေါ်က ပြုတ်ကျပါလေရော ဆရာမကလည်း “911 ခေါ်ပါဟဲ့ ကူပါဟဲ့ ကောင်မလေးကလည်း သတိလစ်သွားတော့ ခေါ်လို့မရတော့ဘူး” ဆိုပြီး အော်ခေါ်တယ်။ 911 ခေါ်ကာမှ ထုံးစံအတိုင်း Ambulance Siren တွေနဲ့ ဝရုန်းသုန်းကား ရဲကားရော အရေးပေါ်ကားရော မီးသတ်ကားတွေပါ ကျောင်းဝန်းထဲကို ဝင်လာကြတယ်။ ဆရာမကလည်း လူတွေကို ရှင်းသွားအောင် ကျောင်းသားတွေ အကုန်အိမ်ပြန်တော့ဆိုပြီး လွှတ်လိုက်တော့ သတိခဲ အကျွန်မကတော့ သွေးရဲသံရဲဆို ကြောက်ကြောက်နဲ့ အတူပြန်မယ့် သူငယ်ချင်းနဲ့ တူတူ သူမအမေ လာကြိုတဲ့ ကားလေးနဲ့ အိမ်ပြန်ခဲ့ပါတယ်။



                 အိမ်ရောက်တော့ သူတို့သားအမိကို လက်ပြနှုတ်ဆက်ပြီး အိမ်ထဲဝင်ဖို့အလုပ် အိတ်ထဲကဖုန်းလေးကို ထုတ်အကြည့်မှာ ကျွန်မကို ကျွန်မ မယုံကြည်နိုင်အောင် ဖုန်းကို လုံးဝစမ်းမရပါ ရှိသမျှတိုလီစုတ်စတွေ အကုန်လှန်ရှာ အိတ်ကိုပါ မှောက်ကြည့်တာတောင် ဖုန်းကထွက်မလာတော့ပါဘူး ဖုန်းပျောက်ပြီ!! ဆိုတဲ့ အသိက ကျွန်မကို ခေါင်းတွေမူးနောက်သွားစေပါတယ်
ကျွန်မအထပ်ထပ် အခါခါ ပြန်စဉ်းစားတယ် ဖုန်းကို ကျွန်မကားပေါ်မှာ messageပို့ပြီး တော့ သေချာအိတ်ထဲ ထည့်လိုက်တာပါ ကျန်ခဲ့မယ်ဆိုရင်တောင် ကားပေါ်မှာ ကျန်ခဲ့မှာပဲဆိုပြီး သူငယ်ချင်းကို ဖုန်းလှမ်းဆက်ဖို့ အိမ်ပေါ်အမြန်ပြေးတက်တယ်။ သူငယ်ချင်းကို ငါအခုချက်ချင်း လာယူပါ့မယ် ရှာပေးပါဦးဆိုတော့ သူက ရှာမတွေ့ဘူးတဲ့။ ကျွန်မဖုန်းတစ်ခါမှ မပျောက်ဖူးပါဘူး အခုလိုပျောက်သွားတော့ ကိုယ့်ကိုယ်ကို အပြစ်တွေတင်လို့မဆုံးနဲ့ ရူးချင်ပါတော့တယ်


            ဒါနဲ့ ကျွန်မများ အမှတ်မှားပြီး ကားပေါ်မတက်ခင် ကျောင်းမှာများ ကျကျန်ခဲ့လားဆိုပြီး ကျောင်းကို ထပ်သွားရှာတယ်။ ကျောင်းမှာ ဘယ်သူမှမရှိတော့ဘူး သန့်ရှင်းရေး လုပ်တဲ့လူ နှစ်ယောက်ကို အကျိုးအကြောင်း ပြောပြပြီးမေးတော့ သူတို့က စိတ်မကောင်းပါဘူး မတွေ့မိပါဘူးတဲ့..... ပြောရင်း ဆိုရင်း လေတွေ တအားတိုက်ပြီး မျက်စိထဲကို အမှုန်ကဝင်ပြီး ငိုချင်လျှက် လက်တို့ဆိုသလို မျက်ရည်တွေကျလာလိုက်တာ မိုးကလည်း သည်းကြီးမဲကြီး အဲတော့မှ ရွာချတယ်.. အခုနေ ကံကောင်းလို့ ကျောင်းမှာဖုန်းကို ပြန်တွေ့ရင်တောင် ရေတွေစိုလို့ ဖုန်းကို အကောင်းတိုင်း ပြန်မရနိုင်တော့ပါဘူး။ ကျွန်မလည်း စိတ်ဓာတ်တွေ ကျပြီး အိမ်ကို ပြန်လာရတယ် အဲဒီညက အိပ်မပျော်ပါဘူး......




                  စနေ၊ တနင်္ဂနွေ ပြီးလို့ တနင်္လာနေ့ရောက်တဲ့ အထိ စိတ်ထဲမှာ လက်မလျှော့နိုင်သေးပါဘူး။ သူငယ်ချင်းအမေကို သူ့ကားပေါ်မှာ ရှာခွင့်ပြုဖို့ ခွင့်တောင်းပြီး ရှာကြည့်ပါသေးတယ်။ သူငယ်ချင်းအမေကလည်း ဝိုင်းရှာပေးပါတယ်။ ကျောင်းက securityကို reportသွားလုပ်တယ် သူငယ်ချင်းတွေလည်း မေးကြည့်တယ်

IF   ကျွန်မသူငယ်ချင်းကားကို မစီးခဲ့ရင်
           သောကြာနေ့က အိမ်စောစောပြန်ခဲ့ရင် 
            Fashion Club ကိုအစကတည်းက မဝင်ခဲ့ရင် 
            ဖုန်းကို အဲလောက် သံယောဇဉ် မတွယ်ခဲ့မိရင်
            ဖုန်းအပေါ် အားမကိုးခဲ့မိရင်
            အဲဒီ့ဖုန်းကို အစကတည်းက မဝယ်ခဲ့မိရင်...............................


ကျွန်မအဂါင်္နေ့မှာ ဖြေဆိုဖို့ တနှစ်ပတ်လုံး  ဖတ်ဖတ်မောအောင် ကျက်ခဲ့ရတဲ့ စာမေးပွဲအတွက် ကျွန်မရလပ်ကောင်းရမှာ သေချာပါတယ် အခုတော့ ဖုန်းစိတ်နဲ့ ကောင်းစွာ စာထဲအာရုံမရောက်ပဲ စာမေးပွဲမဖြေခင် ညဘက်သုံးနာရီအထိ စာကြည့်ပြီး ရသလောက်ပဲ ဖြေဆိုခဲ့ပါတယ်
စာမေးပွဲဖြေပြီး သင်ခန်းစာ ရလိုက်တာကတော့ နောက်ဆို ဘာကိုမှ အစွဲအလန်းမထားတော့ဘူးလို့............


ပျော်ရွှင်ဖွယ်ဘဝ ရဖို့နည်း

  • မှန်တွေကို သုတ်ပေးပါ............အိမ်ရှိ မှန် အကုန်လိုက်သုတ်ပါ စိတ်ကြည်လင်မှုကို              ခံစားရပါလိမ့်မည်   (ဒီနည်းလေးကတော့ မဆိုးပါဘူး)
  • စကားလုံးများကို ကောင်းမွန်စွာ ပြောပါ......... negative ဖြစ်တဲ့ စကားလုံးတွေ ကိုမသုံးနှုန်းပါနဲ့ ( positive ဖြစ်လေကောင်းလေပါပဲပေါ့နော်)
  • စိတ်ကို ဖြူစင်စွာထားပါ..............ဘာမဆို အကောင်းဘက်က ကြည့်ပေးပါ။ အကောင်းမြင်ပေးပါ
  • ရယ်မောပါ..............ဘယ်လောက်ပဲ စိတ်ညစ်နေပါစေ၊ စိတ်ပူပန်နေပါစေ၊ ရယ်မောမှုကို အသုံးချပါ (ရယ်ဖို့နေနေသာသာ တစ်နေ့တစ်နေ့ ပြုံးဖို့မေ့နေသူများ မှန်ရှေ့မှာ ကိုယ့်ရုပ်ကလေး ပြုံးကြည့်ရုံနဲ့ စိတ်တွေပေါ့ပါးသွားပါလိမ့်မယ် စိတ်ချမ်းသာမှ လုပ်ချင်တာလေးတွေ  ကောင်းမွန်စွာ လုပ်နိုင်မှာမို့ ဒီနည်းလေးကို ကြိုက်ပါတယ်)
  • ကျေးဇူးတင်ပါ...............ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်ကို လှည့်ပတ်ပြီး ကျေးဇူးတင်ပေးပါ။ (ဥပမာ ကိုယ့်မိဘကို ကျေးဇူးတင်တာမျိုး၊ ကိုယ့်ကို ကူညီဖူးတဲ့လူကို ကျေးဇူးလှမ်းတင်တာမျိုး လေးပေါ့ :-)
  • သန့်ရှင်းရေးလုပ်ပါ 
ဘာရယ်တော့ မဟုတ်ဘူး တခြား websiteမှာ ရေးထားတာလေး တွေ့တုန်း ဘောလ်ပင်မှင် အကုန်ခံပြီး ကူးထားပြီးကာမှ  ချောင်ထိုးထားတဲ့ စာအုပ်လေး အခုမှ ပြန်တွေ့တာနဲ့ ပြန်ပြီး မျှဝေလိုက်တာပါ :)


~KK~

Monday, June 24, 2013

Monsterတွေ ပြန်လာပြီ!

 Monsterဆိုလို့ တကယ့်ကြောက်ဖို့ကောင်းတဲ့ အကောင်တွေမဟုတ်ပါဘူး။ Mike Wazowski နဲ့ James P. Sullivan ကိုပြောတာပါ။ သူတို့က ကာတွန်းကားထဲက အကောင်လေးတွေပါ (နယ်နယ်ရရတွေ မဟုတ်ပါ)။ သူတို့ကို Monsters, Inc. မှာတုန်းက ပရိသတ်တွေ တွေ့ဖူးပြီး ဖြစ်မှာပါ။ Monster မြို့တော်ကြီးမှာ နေထိုင်ကြတဲ့ သူတို့တွေဟာ ကလေးတွေကို ခြောက်လှန့်ပြီး အသက်ရှင်နေထိုင်ရပါတယ်။
Sullivan ခေါ် Sulley ဟာတစ်နေ့မှာ Booဆိုတဲ့ ကလေးမလေးနဲ့ တွေ့ဆုံမိပြီး၊ ဘယ်လိုမှသူ့ကို လူတွေနေထိုင်တဲ့ဆီကို ပို့လို့မရတော့တာကြောင့် သူနဲ့ခေါ်လာခဲ့ရပါတော့တယ်။
                               

အစပိုင်းတော့ Booနဲ့ ဘယ်လိုမှ အဆင်မပြေတဲ့ Mike နဲ့ Sulleyတို့ ဟာ တဖြေးဖြေးနဲ့ Boo အပေါ် သံယောဇဉ်တွယ်လာရာက နောက်ဆုံး Monster မြို့တော်နဲ့ မကိုက်ညီတဲ့ Booကို လူသားတွေနေထိုင်တဲ့ နေရာကို ပြန်ပို့ခဲ့ရပါတယ်.... ဒီကားလေးက ငိုလည်းငိုရ ရယ်လည်းရယ်ရလို့ Disney ပရိသတ်တွေ တော်တော်များများ ကြိုက်ခဲ့မှာပါ အဲဒါကြောင့် အခု နောက်ထပ် ဒုတိယရှပ်ရှင်ကား Monsters University ကို Pixer နဲ့ပေါင်းပြီး ထုတ်လိုက်ပြန်ပါပြီ :DD

                                               Monsters University poster 3.jpg 
ဒီကားမှာတော့ အရွယ်ရောက်ပြီ ဖြစ်တဲ့ Sulley နဲ့ Mike ဟာ Monster University မှာပြန်ဆုံကြပါတယ်။ ဒီ University ကြီးမှာ သူတို့ဟာ ကြောက်စရာကောင်းမှု ပညာကို လေ့လာရပါတယ်။ အသွင်မတူတဲ့ သူငယ်ချင်း နှစ်ယောက် ဘယ်လို ဟာသကွက်တွေ စွဲဆောင်မှုတွေနဲ့ ပရိသတ်ကို အားရမှုပေးနိုင်မလဲ၊ ပထမကားလောက် ကောင်းပါ့မလားဆိုတာ ကျွန်မစိတ်ဝင်စားမိပါတယ်။

June 21 ရက်နေ့က ရုံစတင်နေပြီ ဖြစ်လို့
onlineက free websiteမှာ ကြည့်လို့ရနေပါပြီ (Quality တော့သိပ်မကောင်းပါ)

တစ်ခါတစ်လေ ကာတွန်းကြည့်ခြင်းဖြင့် စိတ်ပျော်ရွှင်နိုင်ပါစေ :D  ရုပ်ရှင်ကြည့်ဖို့ website link ပါ :-D

မင်္ဂလာပါ

 ဒီBlogက ကျွန်မရဲ့ ဒုတိယမြောက် Blog ဖြစ်ပါတယ်။ ဟိုးအရင် 2007လောက်က ကျွန်မBlog တစ်ခုလုပ်ဖူးပါတယ်။ Postနေ့တိုင်းမတင်နိုင်တာက တမျိုးရယ်၊ ရေးချင်ပေမယ့်လည်း Blogပေါ်တက်ရေးဖို့ကို ပျင်းတာရယ်ကြောင့် ကျွန်မBlogလေးဟာ အမြဲခြောက်သွေ့နေတတ်ပါတယ်။ ကျောင်းသူဖြစ်တဲ့ အတွက်လည်း အားလပ်ချိန်မှာ ထွေရာလေးပါး လုပ်စရာတွေနဲ့ ကျွန်မBlogဆိုတာကို ခေါင်းထဲမထည့်ဖြစ်ပါဘူး၊ အခုတော့ နွေရာသီကျောင်းပိတ်ရက် ရောက်ပြီမို့ ကျွန်မရဲ့ ဟိုစပ်စပ် ဒီစပ်စပ် ရေးချင်တဲ့ ရောဂါလေးထလာတဲ့ အတွက် ဒီBlogလေး ကိုအားတင်းပြီး လုပ်လိုက်ရပါတယ်။ ကျောင်းပြန်ဖွင့်ရင် ရေးဖို့မသေချာပေမယ့် အခုတော့ ၂လလုံးလုံး အားနေမှာမို့ Blogပေါ်မှာ သောင်းကျန်းတော့မှု ဖြစ်ပါတယ် :)